လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် အမှတ် (၄) ရပ်ကွက် အ.လ.က လေးမျက်နှာကျောင်း၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့် တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။