ကြံခင်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက စာရေးဆရာသုတေသီ ဘုန်းမြင့်သွေးရေးသားသော ‟လူ့ဘဝ တိုးတက်ရာတိုးတက်ကြောင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။
စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေပြီး စာပေမှရရှိသော မှတ်သားလေ့လာထားသည်များကို အပြန်အလှန် ပူးပေါင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေမှာဖြစ်သလို သုတ၊ ရသ စာပေမျိုးစုံ ဌားရမ်းဖတ်ရှုနိုင်ခြင်းကို သိရှိစေရန် ကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေးရေးသားသော"လူ့ဘဝ တိုးတက်ရာတိုးတက်ကြောင်း” စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန် ပူးပေါင်းဆွေးနွေးကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်မျိုးစုံအား တက်ရောက်လာကြသော မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင် အသင်းဝင်ကတ်များပြုလုပ်ကာ သုတ/ရသစာအုပ်များဌားရမ်းကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)