သတင်းများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ တစ်ရွာ (၂) ဧကစိုက်ခင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် တစ်ရွာ ၂ ဧက စိုက်ခင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က ဒေါင်းမြတ်နားကျေးရွာနှင့် စွယ်တော်ကျေးရွာတို့တွင် ကျင်းပခဲ့သည်။
ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.က (ခွဲ) ဝါးဇွမ်းအုပ်ကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးဆောင်ရွက်
Jul 05,2024
ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်းတိုး တက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.က(ခွဲ)ဝါးဇွမ်းအုပ်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား/စက်ပစ္စည်းများ စုဖွဲ့ဆောင်ရွက်ထားရှိ
Jul 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မိုရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ရေကြီး၊  ရေလျှံမှုအန္တရယ်များနှင့်သဘာ၀ဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ချက်ချင်း ကူညီဖြေရှင်းနိုင်ရေးအတွက်  သဘာ၀ဘေးအန္တရာယ်လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကာ တပ်ဖွဲ့၀င်များကို အသင့်စုဖွဲ့ထားရှိပြီဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် အစေ့ထုတ်ပြောင်း ၉၅၆၅ ဧက စိုက်ပျိုးပြီးစီး
Jul 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ စေ့ထုတ်ပြောင်းစိုက်ပျိုးရန် ၁၄၉၉၅ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၉၅၆၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ
Jul 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ​မန်နေ့ ​နံနက်(၁ဝ) နာရီက စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ကြို့ကုန်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Jul 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းခြင်း‌ ဆောင်ရွက်နေမှုအား ယနေ့ နေလည်ပိုင်းက‌ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။