သတင်းများ

ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်း သိကောင်းစရာဟောပြောပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကျင်း
Jun 22,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မုဒုံမြို့၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပြီးစီး
Jun 22,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ (၁၇)ရွာရှိ တောင်သူများအား ထုတ်ချေးပြီးစီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ခရမ်းမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2024
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိ လူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြည်ရေးကို အထောက်အကူပြုသလိုသာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက ပဲခူး၊သနပ္ပင်၊ခရမ်း၊ သန်လျင်ကားလမ်းမဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကော့မှူး၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးလက်‌တွေ့ စိုက်ပျိုးပြသ
Jun 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်‌တွေ့ စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် ၈ နာရီက မကျီးတန်းရပ်ကွက် ကွင်းအမှတ် (၂၉၃)၊ ဦးပိုင်အမှတ် (၁၀/၁)ဧက(၆)ရှိ တောင်သူ ဦးပြုံးပိုင်လယ်မြေ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဟိုမိန်းမြို့၌ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈:၃၀ နာရီက မြို့မဈေးအတွင်း၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးဆိုင်များသို့ ဖြန့်ဝေပေးခဲ့သည်။
ရပ်စောက်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
Jun 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ ၂၀၂၄ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ဗထူးတပ်နယ် မွေးမြူရေးတပ်ရှေ့ ငါးပင်ကျေးရွာလမ်းခွဲအတွင်း၌ ကျင်းပခဲ့သည်။
လားရှိုးမြို့တွင် MPT ၏ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု သစ်ပင်စိုက်ပွဲ ကျင်းပ
Jun 22,2024
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်အရ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ထင်းရှူးတောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း သတင်းအတု၊ သတင်းအမှားများ ဂရုပြုရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်
Jun 22,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မှုခင်းများလျော့နည်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့မှ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က နန်းခဲရပ်ကွက်ရှိ အ.မ.က(ဘူတာ)ကျောင်း၌ ပြည်သူများအား သတင်းတုသတင်းအမှားများ ဂရုပြုနိုင်ကြရေး အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။