တပ်ကုန်းမြို့နယ်၌ ဆေးဆိုင်များတွင် သတ်မှတ်ညွှန်ကြားချက်အတိုင်း ရောင်းချရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဇွန် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဆေးဆိုင်များတွင် သတ်မှတ်ညွှန်ကြားချက်အတိုင်း ရောင်းချရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့မှ တာဝန်ရှိသူများက ဗိုလ်မင်းရောင်ရပ်ကွက်နှင့် မြဝတီရပ်ကွက်အတွင်းရှိ ဆေးဝါးများရောင်းချလျက်ရှိသည့် ဆေးဆိုင်များတွင် သတ်မှတ်ညွှန်ကြားချက်အတိုင်း ရောင်းချရေး၊ တရားမဝင်ဆေးဝါးပစ္စည်းများ ရောင်းဝယ်ဆောင်ရွက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသိပညာပေး ဆွေးနွေးပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်