စေတုတ္တရာမြို့နယ်၌ Grade-10 ကျောင်းသား/ ကျောင်းသူမိဘများအား စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

စေတုတ္တရာ ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူမိဘများအား စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)တွင် ကျင်းပပြုလုပ်ခဲ့သည်၊၊

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြစံနှင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပန်းမြတ်မွန်တို့က  Grade-10‌ကျောင်းသား/ ကျောင်းသူများအနေဖြင့် ၎င်းသင်တန်းတက်ရောက်နိုင်ရေးနည်းလမ်း၊ အခွင့်အလမ်းများ၊ ကျောင်းသားကျောင်းသူများ၏ ဘဝတက်လမ်းအတွက် အရေးပါသည့် ရှေ့ဆက်ရမည့်ပညာရေးလမ်းကြောင်းအခွင့်အလမ်းများကို တိကျစွာ အရည်အသွေးစစ်ဆေးအကဲဖြတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများဆိုင်ရာသင်တန်း​အကြောင်းအရာများ၊ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှု အရည်အသွေးပြည့်ဝနေမှ အသက်မွေးဝမ်းကျောင်းအတွက်သာမက နိုင်ငံတော်၏ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းသင်တန်းတက်ရောက်မည့် Grade10 ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သင်တန်းဆိုင်ရာသိကောင်းစရာများကို‌ Grade-10 ကျောင်းသား၊ ကျောင်းသူမိဘများ သိရှိနားလည်ရန် ပြောကြားသည်။

ထို့နောက် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာကြသော Grade-10 ကျောင်းသား/ကျောင်းသူ မိဘများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းဆွေးနွေးပြောကြားကာ ၎င်းဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် အ.ထ.က(စေတုတ္တရာ) ကျောင်းမှ Grade-10 ကျောင်းသား၊ ကျောင်းသူမိဘများ တက်ရောက်‌ကြကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)