မအူပင် ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၁၂) ရပ်ကွက် မြို့သစ်အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် (၈) နာရီအချိန်က မိုးရာသီစုပါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အေးလွင်၊ မအူပင်မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူး (ကိုယ်စား)၊ ညောင်တုန်းမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးမင်းအေးချမ်းဇွန်၊ မအူပင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မအူပင်ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်တို့မှ ပျိုးပင်များပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာဌာန အသီးသီးမှ သတ်မှတ်နေရာများတွင် သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှားပင် (၂၅၀) နှင့် ခရေပင် (၅၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)