မရမ်းကုန်းမြို့နယ် ရောင်နီဦးရောင်းဝယ်ရေးသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ်ရွေးချယ်ပွဲကျင်းပ

မရမ်းကုန်း ဇွန်၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရောင်နီဦး ရောင်းဝယ်ရေးသမဝါယမအသင်း၏ ၂၀၂၃ -၂၀‌၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ရွေးချယ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အသင်းအမှုဆောင်အဖွဲ့မှ အသင်း၏ ဆောင်ရွက်ချက်များအား အသင်းသားများသို့ ပွင့်လင်းမြင်သာစွာချပြရှင်းလင်းပြီး အသင်းသား အကျိုးခံစားခွင့်အဖြစ်အသင်းသား (၂၈၅) ဦးအတွက် အကျိုးခံစားခွင့် (၉၁.ဝဝ)သိန်းနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)