မအူပင် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ခနောင်ထော်ကျေးရွာအုပ်စု၊ ခနောင်ထော်ကျေးရွာတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းထွန်ယက်ပွဲကို ယနေ့နံနက်(၉)နာရီကကျင်းပ ပြုလုပ်သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ပွဲအား ခနောင်ထော်ကျေးရွာရှိ တောင်သူဦးသက်ဦး၏ ကွင်းအမှတ်(၉၃၂)၊ ဦးပိုင်အမှတ်(၃၀/၁)၊ ဧရိယာ(၅.၀၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။ ၄င်းနောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးဇော်မင်းထွန်းမှ တက်ရောက်လာသည့်တောင်သူများအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရပိုမိုကောင်းမွန်စေကြောင်း၊ သီးနှံများအထွက်နှုန်းတိုးစေကြောင်းနှင့် ကုန်ကျစရိတ်နည်းစေကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့်တောင်သူများမှ သိလိုသည်များအား ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)