ပွင့်ဖြူမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာ ရေးသားနည်းသင်တန်း ဖွင့်လှစ်

ပွင့်ဖြူ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းလုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာ ရေးသားနည်းသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသခံကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းလုပ်ငန်း (RBF) စီမံကိန်းနှင့်စပ်လျဉ်းပြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ၊ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းလုပ်ငန်း (RBF) စီမံကိန်းနှင့်ပတ်သက်သည့် အဆိုပြုလွှာရေးသားနည်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုနည်းစနစ်များနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာများ၊ ကော်မတီဝင်များ တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီမံကိန်းလက်စွဲ စာစောင်ပါ မူဘောင်များနှင့် စည်းကမ်းချက်များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းလုပ်ငန်း (RBF) စီမံကိန်း အဆိုပါပြုလွှာ ရေးသားနည်းသင်တန်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာမှ စီမံကိန်းကြီးကြပ်မှုကော်မတီဝင် (၂၀) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား နံနက် (၁၀) နာရီမှ ညနေ (၄) နာရီခွဲအထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)