နတ်မောက်မြို့နယ်၌ စိုက်ပျိုးထားသည့် နွေနှမ်းသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိ
Jul 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့သည် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကာ ဆီဖူလုံမှုရရှိပြီး ပြည်ပမှဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အဆိုပါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုနှင့် စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသည့် နွေနှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းသဖြင့် စံကွက်များကို စတင်ရိတ်သိမ်းနေပြီဖြစ်ပြီး အထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။