ငရုတ်ကောင်းမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ငရုတ်ကောင်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မိုးရာသီကာလတွင် ဖြစ်ပွားမှုများနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နံ့သာပုကျေးရွာအုပ်စု အ.ထ.က(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတွင် ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်း၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါ ဖြစ်ပွားစေသော ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများ စားသောက် မိရာမှတစ်ဆင့် ကူးစက်ဖြစ်ပွားတက်သော ရောဂါဖြစ်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အစားမစားမီနှင့် အစားအစာမပြင်ဆင်မီ အညစ်အကြေးနှင့် အမှိုက်များ ကိုင်တွယ်ပြီးချိန်တိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ စနစ်တကျဆေးကြောရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြု ဆောင်ရွက်ရန်၊ ရေကိုကြိုချက်၍ သောက်သုံးရန်၊ ခြင်ယင်တို့မပေါက်ပွားစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ရန်စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)