ချောင်းဆုံမြို့နယ်၌ မိုးစပါး(၃၈၈၀၀)ဧက စိုက်ပျိုးပြီးစီး
Jul 09,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ အကျိုးဆောင်တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၂၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇူလိုင်လ ပထမပတ်အထိ မိုးစပါး (၃၈၈၀၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၅၉.၄၇)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။