၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေး၊ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်သူများ ဆုချီးမြှင့်ပွဲနှင့် CC ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကျောက်တံခါး ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျောက်တံခါး)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေး၊ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ပွဲနှင့် CC ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ-ထ-က(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ဆုချီးမြှင့်ပွဲ ကျင်းပခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဆုရရှိသည့် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းက အတန်းပြီးဆုံးကျောင်းလက်မှတ်ပေးအပ်ရာ ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ခံများ နှင့်ဆရာဆရာမများ၊ ကျောင်းအကျိုးဆောင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)