သတင်းများ

(၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများကျင်းပ
Jul 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ် (၃) ရပ်ကွက် မြို့မအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အသိပညာပေးဆောင်ရွက်
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီက အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများဖြစ်သော အင်းစိန်ဈေး၊ ဖော့ကန်ဈေး၊ အောင်ဆန်းဈေး၊ တညင်းကုန်းဈေး၊ အောင်ဇေယျဈေးနှင့် ဘိုကုန်းဈေးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြိုင်ပွဲနှင့်ပြပွဲများ ကျင်းပ
Jul 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနိူးဆော်ခြင်း ဆောင်ရွက်
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက်အတွင်းရှိ ပြည်သူလူထုအပေါင်းအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနိူးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အုန်းပင်စုရပ်ကွက်အတွင်း တစ်လမ်းဝင်တစ်လမ်းထွတ် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနိူးဆော်လျက်ရှိကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လေ့လာ
Jul 09,2024
ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စဥ်းစားတွေးခေါ်မှုမြင့်မားလာစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့် ရင်းရင်းနှီးနှီးထိတွေ့ပြီး စာအုပ်စာပေဖတ်ရှုသည့်အလေ့အကျင့်ကို ကလေးဘဝမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် စာကြည့်တိုက်ကို ကောင်းစွာအသုံးပြုတက်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း(ပေါက်တော)မှ ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့နံနက်(၉) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် သဲကုန်း​မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာကြည့်တိုက်လေ့လာရေးအစီအစဥ်အဖြစ် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရသည်။
နမ့်စန်မြို့တွင် ရေငုပ်အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) ရပ်ကွက်ရှိ ရေငုပ်အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ လားဟူတိုင်းရင်းသားရိုးရာ လွယ်အိတ်ချုပ်သင်တန်းဖွင့်
Jul 09,2024
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးကျင်းပသည့် လားဟူရိုးရာလွယ်အိတ်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူစာပေနှင့် ယဉ်ကျေးမှုအသင်းချုပ်ရုံးတွင် ကျင်းပသည်။
ပန်းဘဲတန်းမြို့နယ်အတွင်း ကူးစက်မြန်ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေး ကြိုတင်အသိပညာပေးလှုံ့ဆော်မှုများ ဆောင်ရွက်
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွှေဘုံသာလမ်း၊ ကမ်းနားလမ်းနှင့် ကုန်သည်လမ်းတ‌လျှောက်တွင် ယမန်နေ့ ညနေပိုင်းက လတ်တလောဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကူးစက်မှုမြန်ဆန်သည့်အတွက် ဖြစ်ပွားမှုမရှိစေရေး ကျန်းမာရေးအသိပေးခြင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်နှင့် စျေးသည်များမှ အစားအစာများ သန့်ရှင်းစွာရောင်းချရန်အတွက် အသံချက်စက်ဖြင့် အသိပညာပေးခြင်း၊ ကျန်းမာရေးအသိပညာ‌ပေးပိုစတာများကပ်ခြင်း၊ လူစည်ကားရာနေရာများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အချက်များပါဝင်သည့် အသိပညာရေးဗီနိုင်းများ ချိတ်ဆွဲခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။