နမ့်စန်မြို့တွင် ရေငုပ်အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

နမ့်စန်()  ဇူလိုင် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) ရပ်ကွက်ရှိ ရေငုပ်အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက အားကစား၏အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခွန်ဖူးက လက်ခံရယူခဲ့သည်။

ထို့နောက် နမ့်စန်မြို့နယ်မှ မြို့နယ်လက်ရွေးစင်လက်ဝှေ့နှင့် ဗိုဗီနမ်အားကစားသမားများက ကျောင်းသား၊ ကျောင်းသူများကို မြန်မာ့ရိုးရာလက်ဝှေ့နှင့် ဗိုဗီနမ်အခြေခံကစားကွက်များအား သရုပ်ပြကစားပြသခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်၍ သုတ/ရသ စာအုပ်များ ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)