သတင်းများ

ရပ်စောက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပင်ဖြစ်ကျေးရွာအုပ်စု၊ ထီးခမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသက် (၅) နှစ်မှ (၇) နှစ်အထိ ကလေးငယ်များအား DT (ဆုံဆို့ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး) များ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေး
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နယ်၌ အသက် (၅) နှစ်မှ (၇) နှစ်အထိ ကလေးငယ်များအား DT (ဆုံဆို့ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး) အား အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်းကျင်းပ
Jul 09,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့​သည်။
ကသာမြို့၌ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်
Jul 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဧရာဝတီမြစ်နှင့်နီးစပ်သော မြေနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများမှ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းတို့ကို ယနေ့နံနက်(၉)နာရီအချိန်က မဟာလေးထပ်ကျောင်း ဇရပ်နှင့် ရပ်ကွက်(၃) ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်
Jul 09,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ် ကရုပ္ပိအခြေခံပညာအထက်တန်းကျောင်း၌  ခွေးရူးရောဂါအကြောင်း သိကောင်းစရာဟောပြောခြင်း ဆောင်ရွက်
Jul 09,2024
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ခွေးရူးရောဂါအကြောင်း သိကောင်းစရာ ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ကရုပ္ပိအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းက အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့၌ ကျောင်းကျန်းမာရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်
Jul 09,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အ.ထ.က အုတ်ဖိုတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။