သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 26,2024
နေပြည်တော်ကောင်စီအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ
Jul 26,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပသည်။
ညောင်ရွှေမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်
Jul 26,2024
အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များ ရှင်သန်တိုးတက်ဖွံ့ဖြိုးလာစေရန်၊ စာကြည့်တိုက်တာဝန်ခံများ စာကြည့်တိုက်လုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်လာစေရန်နှင့် စာအုပ်စာစောင်များကို စနစ်တကျထိန်းသိမ်းထားရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
Jul 26,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပသည်။
ဇေယျာသီရိမြို့နယ် ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ကျင်းပ
Jul 26,2024
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မိုင်းဆတ်မြို့၌ သင့်ပတ်ဝန်းကျင်သာယာလှပဖို့ ပလတ်စတစ်သုံးစွဲမှုလျော့ချစို့ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jul 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သင့်ပတ်ဝန်းကျင်သာယာလှပဖို့ ပလတ်စတစ် သုံးစွဲမှုလျော့ချစို့ အသိပညာပေး ဟောပြောပွဲကို ယနေ့နံက်(၉)နာရီခွဲက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေး ဟင်္သာတမြို့နယ် အတွင်းရှိ ရေကာတာများ ကြံ့ခိုင်မှုအခြေအနေနှင့် မြစ်ရေအခြေအနေများ ကြည့်ရှုစစ်ဆေး
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးတင်အေး ယနေ့နံနက် ၁၀ နာရီ အချိန်က ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရောက်ရှိခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဘုန်း‌တော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်အုပ်စု၊ အိုးဘိုကျေးရွာ တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဘုန်း‌တော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်‌နေရသည့် ဒေသခံပြည်သူများအား ယနေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။