မိုင်းဆတ်မြို့၌ သင့်ပတ်ဝန်းကျင်သာယာလှပဖို့ ပလတ်စတစ်သုံးစွဲမှုလျော့ချစို့ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မိုင်းဆတ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သင့်ပတ်ဝန်းကျင်သာယာလှပဖို့ ပလတ်စတစ် သုံးစွဲမှုလျော့ချစို့ အသိပညာပေး ဟောပြောပွဲကို ယနေ့နံက်(၉)နာရီခွဲက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူက ပလတ်စတစ်သုံးစွဲခြင်းကြောင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)