ဟင်္သာတ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးတင်အေး ယနေ့နံနက် ၁၀ နာရီ အချိန်က ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရောက်ရှိခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ဖောင်ဆိပ်ကျေးရွာ၌ ဧရာဝတီမြစ်ရေ အခြေအနေနှင့် ရေကာတာများ ခိုင်ခံ့မှုအခြေအနေများ၊ ရေကင်းစခန်းများ ချထားဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ဆည်မြောင်းနှင့် ရေအသုံးချမူစီမံခန့်ခွဲရေးဦးစီးဌာန၊ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဒေသခံတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)