ကြံခင်းမြို့၌ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး ဗီနိုင်းများ ပိုစတာများ လိုက်လံကပ်နှံပေး

ကြံခင်း ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (ဟန်းဆက်) အရောင်းဆိုင်လုပ်ငန်းရှင်များ၏ ဆိုင်များအတွင်း အများပြည်သူတွေမြင်နိုင်သောနေရာများ တွင် ယနေ့နေ့လယ်ပိုင်းက သက်ဆိုင်ရာဌာနများကူးပေါင်း၍ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ လိုက်လံကပ်နှံပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့တို့မှ မြို့ပေါ်ရပ်ကွက်များရှိ ဟိုတယ်၊ တည်းခိုခန်း လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (ဟန်းဆက်) အရောင်းဆိုင်များသို့ သွားရောက်ပြီး ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါနှင့် စားသုံးသူများသို့ အသိပေးခြင်း ဗီနိုင်းပိုစတားများအား  အများပြည်သူမြင်သာသောနေရာများ လိုက်လံကပ်နှံပေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းငန်းရှင်များအနေဖြင့် ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်၍ ရောင်းချခြင်း/ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်များ လွတ်ကင်းမှုမရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင့်လင်းမြင်သာစွာ ရောက်ရှိနိုင်သည်ကို သိရှိနိုင်စေရန် ရည်ရွယ်ပါကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)