ကွမ်းခြံကုန်း ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပြင်းထန်၀မ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ယမန်နေ့က လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးနှင့်အခြေခံပညာကျောင်းများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ၀မ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားရေးအတွက် အသား၊ ငါး၊ အစားအသောက်ရောင်းချနေမှုများအား လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမိုးကျော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)