ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များ၊ ပရဟိတအသင်းများမှ ရေဝင်ရောက်နေသည့် အိမ်များမှ ပစ္စည်းများကူညီပြောင်းရွှေ့ပေး

ညောင်ဦး  ဇူလိုင်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက် ၉ နာရီအချိန်က ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့နယ် အမှတ်(၁၊၂၊၃၊၇၊)ရပ်ကွက်များရှိ အိမ်ထောင်စုများမှ အိမ်အသုံးအဆောင်ပစ္စည်းများ ရေလွတ်ရာသို့ ကူညီရွှေ့ပြောင်းမှုများ ဆောင်ရွက်ခြင်းကို ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်နိုင်လင်း ဦးဆောင်သောတပ်ဖွဲ့ဝင် (၈)ဦး၊ အထောက်အကူပြု ယာဉ်(၁)စီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင် (၁၀)ဦး၊ အထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅)အရန်မီးသတ်မှ (၇)ဦး၊ လူမှုကူညီရေးယာဉ် (၁)စီး၊ ဝံသာနုရက္ခိတအသင်းမှ(၆)ဦး၊ လူမှုကူညီရေးယာဉ်(၁)စီး၊ ကရုဏာရှင်လူမှုကူညီရေးအသင်းမှ(၄)ဦး၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ရေဝင်ရောက်အိမ်များမှ အသုံးဆောင်ပစ္စည်းများအား အိမ်အပေါ်ထပ်များသို့ပြောင်းရွှေ့ပေးခြင်း၊ ရေဘေးရှောင်စခန်းများသို့ ကူညီရွှေ့ပြောင်း သယ်ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

ဒီပါလင်း