ချီဖွေမြို့နယ်၌ မီးဘေးသင့်မိသားစုဝင်များအား ‌ ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

ချီဖွေ   ဇူလိုင်  ၁၂

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ရစ်လောခေါင်ရပ်ကွက်ရှိ အမှတ်(၂)စစ်ရှောင်စခန်း၌ ဇန်နောင်ကျေးရွာအုပ်စုမှ လာရောက်နေထိုင်သည့် လူနေအိမ်များ ယမန်နေ့တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စုဝင်များအား ယနေ့နံနက်ပိုင်းက (KBC)ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အမှတ်(၁၀၅)ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်‌ပြေငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်တို့က မီးဘေးသင့် အိမ်ထောင်စုဝင်များအား အသီးသီးအားပေးစကားများ ပြောကြားခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဌာနဆိုင်များနှင့် စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ထောက်ပံ့ငွေကျပ်သိန်း(၃၀)၊ အဝတ်အစားနှင့် အိမ်သုံးပစ္စည်းများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)