ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာအတွက် ထောက်ပံ့ငွေများ ပေးအပ်
Jul 13,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စုခုနှစ်စုရှိ ပြည်သူများ ရေဘေးသင့်ခဲ့ရာ အဆိုပါ ရေဘေးသင့်ပြည်သူများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စားနပ်ရိက္ခာအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ ၂ နာရီအချိန်က အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ မြတ်စေတနာခန်းမ၌ကျင်းပခဲ့သည်။