ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မူကြိုကျောင်းဆောက်လုပ်မည့်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

ကန်ကြီးထောင့် ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တကုန်းကြီးကျေးရွာအုပ်စု၊ တကုန်းကြီးကျေးရွာရှိ မူကြိုကျောင်းဆောက်လုပ်မည့်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲအား ယနေ့နံနက်(၉)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က တက်ရောက်ခဲ့သည်။

အဆိုပါညှိနိုင်းဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် တိုင်း‌ဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူး ဒေါ်မြမာလာစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်လမ်းဦးစီး၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တကုန်းကြီး ရပ်/ကျေးအုပ်ချုပ်‌ရေးမှူး၊ မူကြိုကျောင်း မြေအလှူရှင်၊ ဆောက်လုပ်မည့်ကုမ္ပဏီရှိ တာဝန်ရှိသူတို့နှင့်တွေ့ဆုံ၍ တကုန်းကြီးကျေးရွာတွင် မူကြိုကျောင်းဆောက်လုပ်မည့်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးသည် တကုန်းကြီးကျေးရွာရှိ မူကြိုကျောင်းဆောက်လုပ်မည့်နေရာသို့ သွားရောက်၍ ဆောက်လုပ်မည့်မြေနေရာနှင့် မြေစာရင်းမှ တာဝန်ရှိသူများက အဆိုပါမြေအားတိုင်းတာနေမှု အခြေအနေများကို ကြည့်ရှုစစ်‌ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)