အိမ်မဲမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ မှ စာရေးဆရာမ ခင်စောတင့်၏ “အမေဆောက်ခဲ့သောရဲတိုက်ကြီးများ ” စာအုပ် ဖြင့်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီတွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး Women Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ အမေဆောက်ခဲ့သောရဲတိုက်ကြီးများ၊ မိတ်ကောင်းဆွေမွန်၊ အလှကမ္ဘာမှာနေကြည့်ပါ၊ နွေးထွေးသော ကြိုဆိုခြင်း၊ ထွက်ပေါက်ကလေးပေးလိုက်ပါအစရှိသည့် ခေါင်းစဥ်များဖြင့် အချင်းချင်းအပြန်အလှန် မိမိတို့ ထင်မြင်ယူဆချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရရှိစေခြင်း၊ တစ်ဦးက ရရှိသည့်ဗဟုသုတကို အခြားသူတစ်ဦးသို့ ပြန်လည်မျှဝေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

ချစ်သက်လယ်