​သာကေတမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲ ကျင်းပ

သာ​ကေတ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ သာ​ကေတမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ သာ​ကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ပူး​ပေါင်းကာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၁၉ရက်‌နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၆)အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဇာနည်နေ့အထိမ်းအမှတ် ဖြစ်ပေါ်ပေါက်လာပုံကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူမှ အာဇာနည်နေ့အထိမ်းအမှတ် ဟော​ပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို​ပြောကြားကာ၊ သာ​ကေတမြို့နယ်၊ စာ​ရေးဆရာမ​ ဒေါ်နန်းဟင်းပြင်းက အာဇာနည်​နေ့ဖြစ်ပေါ်လာပုံ အကျဥ်းချုပ်အား​ဟော​ပြောခြင်း၊ အမှတ်()အ​ခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ​ဆရာမဒေါ်နှင်းနန္ဒာ​အောင်မှ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ဗိုလ်ချုပ်အောင်ဆန်း၏စိတ်နေစိတ်ထား၊ အနစ်နာခံကိုယ့်ကျိုးစွန့်ပြီး နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ခဲ့ပုံများကို ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ပြသထားသောအာဇာနည်​နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မို့မို့သူ(ပြန်/ဆက်)