မန္တလေး ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးအနေဖြင့် ၂၀၂၄-၂၀၂၅ ဒုတိယ (၃) လပတ်အတွင်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများအား ကျား/မရေးရာ အမြင်ထည့်သွင်းစဥ်းစားမှု (Gender Mainstreaming) အသိပညာပေး သင်တန်းကို ယနေ့ နံနက် (၉) နာရီ၌ တိုင်းလူမှုဝန်ထမ်းရုံးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းလူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်းက ကျား/မရေးရာ၏ အဓိပ္ပါယ်၊ ကျား/မသဘာဝ၊ ကျား/မလူမှုရေးရာများ၊ ကျား/မစံနှုန်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုအမျိုးအစားများနှင့် အကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းရင်များ၊ အများဆုံး ဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ ကျား/မအကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ဆောင်မှုများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW) အကြောင်း အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃- ၂၀၃၂) အကြောင်းတို့ကို ဆွေးနွေးရှင်းလင်းပါသည်။
အဆိုပါ သင်တန်းသို့ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း (၅၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁)ရက်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်သန်း(ပြန်/ဆက်)