သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Aug 02,2024
စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရမည်းသင်းမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 02,2024
မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းမြို့နယ်ဦးစီးဌာနမှူးရုံးမှကြီးမှူး၍ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ရမည်းသင်းမြို့နယ် ရွှေဒါး‌ရွှေကုန်းကျေးရွာအုပ်စု၊ ဆည်တွင်းကျေးရွာယွန်းကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ကဝမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Aug 02,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကမ်းမြောင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ‌တွင် ဇူလိုင်လ (၂၇) ရက်နေ့က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်းနှင့် အမိုးလန်ပျက်စီးခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် (၃၁) ရက် မွန်းတည့် (၁၂) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။
ရွှေပြည်သာမြို့နယ်ရှိ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Aug 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကို ဇူလိုင်လ ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက  ကျင်းပခဲ့သည်။
မိုးညိုမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်းများမှ ပြည်သူများ မိမိနေအိမ်များသို့ ပြန်လည်နေထိုင်လျက်ရှိ
Aug 02,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများသည် ဧရာဝတီမြစ်ရေကျဆင်း၍ မိမိနေထိုင်ရာနေအိမ်များသို့ ပြန်လည်နေထိုင်လျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း အင်ဂျင်ပါဝါသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း  သရုပ်ပြပွဲ ကျင်းပ 
Aug 02,2024
ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားကုန်ကျမှုပြဿာနာ ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်း၊ စပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေရန်ရည်ရွယ်၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ -၂၀၂၅ ခုနှစ်၊ အင်ဂျင်ပါဝါသုံး  လက်ဆွဲကောက်စိုက်စက်ဖြင့်  မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊  ကွင်းအမှတ်(၇၀၁)ရှိ  ဒေသခံတောင်သူ   ဒေါ်နုနု၏  လယ်မြေ  (၂.၀၀) ဧကအတွင်း၌  ကျင်းပပြုလုပ်ခဲ့သည်
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Aug 02,2024
မွန်ပြည်နယ်၊‌ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက် (၁၁)နာရီက (အမက) ကဒုံစီးကျောင်း၌ ပြုလုပ်ခဲ့ကြ‌သည်။