သတင်းများ

သုံးခွမြို့နယ်၊ ဖရုံကန်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Aug 02,2024
လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို” ဆောင်ပုဒ်နှင့်အညီ ဇူလိုင်လ ၂၈ ရက် နံနက်၉နာရီအချိန်က ဖရုံကန်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ ကျက်သရေဆောင်သာသနာ့ဗိမာန်တော်ကြီး၌ ဆွမ်းဆန်စိမ်းလှူဒါန်းပွဲအခမ်းအနား ကျင်းပ
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်စီမံအုပ်ချုပ်အဖွဲ့က ကြီးမှူးကျင်းပသည့် မြို့နယ်အတွင်း ဘုန်းတော်ကြီးစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်စိမ်းများ လှဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပလှူဒါန်းခဲ့သည်။
ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း (၁၃၃) ကျောင်း ယာယီပိတ်ထား
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေမြင့်တက်လာခဲ့ရာ ယနေ့မှစ၍ စာသင်ကျောင်း (၁၃၃) ကျောင်း ခေတ္တပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ ယနေ့ ဒါးကမြစ်ရေသည် အန္တရာယ်ရေအမှတ် (၂၀) ပေကျော်မှ (၂) လက်မခန့် အနည်းငယ် ပြန်လည်ကျဆင်းလျက်ရှိသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ်သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း
Aug 02,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့၌ ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွင်း တက်ရောက်ခွင့်ရခဲ့ကြသည့် ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/ သင်တန်း သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို သြဂုတ် ၁ ရက် နံနက် ၉ နာရီက သူနာပြုသင်တန်းကျောင်း (မြစ်ကြီးနား) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ရေဘေးကြိုတင်ပြောင်းရွှေ့သည့် အိမ်ထောင်စုများအား နေ့လယ်စာ၊ အချိုရည်နှင့်မုန့်များ ထောက်ပံ့ပေး
Aug 02,2024
အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းသည် ကျုံပျော်ခရိုင်၊ကျောင်း ကုန်းမြို့ အမှတ် (၂) ရပ်ကွက်၊ မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးအတွင်းရှိ ဓမ္မသဟာ ရမဉ္ဇရီဗိမာန်၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က ရေဘေးကြိုတင်ပြောင်းရွှေ့သည့်အိမ် ထောင်စုများအား တွေ့ဆုံ၍ အား ပေးစကား ပြောကြားခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ(၃)လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်
Aug 02,2024
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက် နှင့် သြဂုတ် ၁ ရက်နေ့များတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ပြည်နယ် အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့် ကလောင်စုံရေးသားသော ‘မျိုးဆက်သစ်ရင်ပြင်’ ဝတ္ထုစာအုပ်ပေါင်းချုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း၊ ရထားသံလမ်းကူးအား ရေဖြတ်ကျော်မှုအပေါ် ရေစုတ်ထုတ်မှုများဆောင်ရွက်
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း၊ ရထားသံလမ်းကူးအား ရေဖြတ်ကျော်မှုအပေါ် ဩဂုတ်လ (၁) ရက်နေ့ နံနက် ၉နာရီ ၄၅ မိနစ် အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရေစုတ်ထုတ်မှုများအား ဆောင်ရွက်ခဲ့ကြသည်။