ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း (၁၃၃) ကျောင်း ယာယီပိတ်ထား

ကျောင်းကုန်း ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေမြင့်တက်လာခဲ့ရာ ယနေ့မှစ၍ စာသင်ကျောင်း (၁၃၃) ကျောင်း ခေတ္တပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ ယနေ့ ဒါးကမြစ်ရေသည် အန္တရာယ်ရေအမှတ် (၂၀) ပေကျော်မှ (၂) လက်မခန့် အနည်းငယ် ပြန်လည်ကျဆင်းလျက်ရှိသည်။

ကျောင်းကုန်းမြို့နယ်အတွင်းရှိ အ.မ.က(ခွဲ) (၂) ကျောင်း၊ အ.မ.က (၈၀) ကျောင်း၊ မူလွန် (၁၆) ကျောင်း၊ အ.လ.က(ခွဲ) (၆) ကျောင်းအ.လ.က (၉) ကျောင်း၊ အ.ထ.က (ခွဲ) (၁၀)ကျောင်းနှင့်အ. ထ.က (၁၀) ကျောင်း၊ စုစုပေါင်း (၁၃၃) ကျောင်းတို့ ခေတ္တယာယီပိတ်ထားရပြီး၊ ရေဘေးရှောင်သည့်အနေဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ School Cum Shelter၊ Animal Shelter၊လျှော်ဂိုဒေါင်၊ ကန်ဘောင်စသည့်နေရာ (၁၈) ခုတို့၌အိမ်ထောင်စုပေါင်း (၈၆၁) စု၊ လူဦးရေ (၃၁၀၄) ဦးနှင့် လယ်မြေ (၃၀၆၉၂) ဧက နစ်မြုပ်သွားကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)