ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဒဂုံမြောက် ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ ညနေပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၁၆) ရပ်ကွက်ရှိ ရဲထောက်ပံ့ရေးဌာနကြီး၊ ရဲတပ်ဖွဲ့ဆိုင်ရာပစ္စည်းများ ထိန်းသိမ်း/ထုတ်ပေးရေးဌာနစုတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် DCP မီးသတ်ဆေးဘူးများ အသုံးပြုနည်းများကို ဟောပြော ရှင်းလင်းပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးစီအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၅) ဦးတို့နှင့် အဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် (၁၆) ရပ်ကွက်ရှိ ရဲထောက်ပံ့ရေးဌာနကြီး၊ ရဲတပ်ဖွဲ့ဆိုင်ရာပစ္စည်းများ ထိန်းသိမ်း/ထုတ်ပေးရေးဌာနစုတွင် မီးလောင်မှုဖြစ်ပွားပါက DCP မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြသ‌ ဆောင်ရွက်ခဲ့ပြီး မီး‌ဘေးအန္တရာယ်ကင်း‌ဝေးစေရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးဘေးကာကွယ်‌ရေး နည်းလမ်းများကို အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)