ကျိုက်မရော ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဘိန်းဗျော ကျေးရွာမူလတန်းကျောင်း၌ ပြုလုပ်သည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရန် ဟောပြောပွဲများ နံရံကပ်စာစောင်ပြပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များ အသုံးပြုတတ်စေရန် စာပေ၏ အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြောသည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးသန်းစိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းပညာပေးစာစောင်များအား ကြည်ရှုလေ့လာကြကြောင်း သိရသည်။
ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)