ဝေါ ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးလွင်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုမြေသြဇာပေးအပ်ရခြင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသား တောင်သူ၊ အသင်း(၅)သင်းမှ တောင်သူများအား ကျပ်နှစ်သိန်းနှင့်ညီသော သွင်းအားစု ပုလဲမြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)