လက်ပံတန်း ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ Big Catch -Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို လက်ပံတန်းမြို့နယ်အတွင်း (၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးငယ်များနှင့်ကာကွယ်ဆေးမပြည့်မီလိုက်သော ကလေးငယ်များအား ဆေးရုံအုပ်ကြီးဒေါက်တာတင်ဇော်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ လက်ပံတန်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက တက်ရောက်အားပေးကြပြီး လက်ပံတန်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာတင်ဇော်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)