ရွှေပြည်သာမြို့နယ်၌ (၇၈)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံး၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရွှေပြည်သာ ဇန်နဝါရီ ၂၀

ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာရွတ်၊ ဉာဏ်စမ်း၊ ပုံပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ(၃၂)ဦးတို့က ပြိုင်ပွဲများအလိုက်ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ တက်ရောက်လာကြသော ကျောင်းသား/သူများ၊ ဆရာ/ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောအသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များကိုလှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)