ဘုတ်ပြင်းမြို့နယ်အတွင်း ဘုတ်ပြင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား (Biometric Data)  ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်း ဆောင်ရွက်

ဘုတ်ပြင်း ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ဇီဝဆိုင်ရာအချက် အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၂၀ ရက်နေ့က ဘုတ်ပြင်းကျေးရွာအုပ်စုအတွင်း ကရိုင်တိုင်ကျေးရွာ ကျေးရွာပိုင်အဆောက်အဦ၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်မှုကို ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူမှုအခြေအနေများအား ကြည့်ရှုအား‌‌ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက (Biometric Data) ကောက်ယူနေမှုအ‌ခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံး ပါဝင်သည့် UID နံပါတ်များ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဘုတ်ပြင်းခရိုင်အတွင်း စာရင်းကောက်ယူလျက်ရှိရာ ယနေ့အထိ ကျား (၄၉၅၃) ဦး၊ မ (၅၀၀၄) ဦး စုစုပေါင်း (၉၉၅၇) ဦးတို့၏ အချက်အလက်များ ကောက်ယူ‌ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိ‌နေသည့်ပြည်သူများ၏ အချက်အလက်များကို ဆက်လက်ကောက်ယူဆောင်ရွက်လျက်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)