ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင် ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၅)ရပ်ကွက် ဘဝမီးအိမ်စာကြည့်တိုက်သို့ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်မိုးကျော်၊ ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များက​ကြီးကြပ်ရေးကော်မတီရုံးအဖွဲ့မှူးဦးဝင်းသိန်း၊ မြို့နယ်စာကြည့်တိုက်ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းနှင့်အဖွဲ့ဝင်များသည် ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စာပေဝါသနာရှင်များဖြင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပထမဦးစွာ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်မိုးကျော်က  မိတ်ဆက်စကားပြောကြားခြင်း၊ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းက ယခင်ကစ၍ အမှတ်(၅)ရပ်ကွက်တွင် ဘဝမီးအိမ်​စာကြည့်တိုက်အမည်ဖြင့် ဖွင့်ပြီးဖြစ်ကြောင်း၊ စာကြည့်တိုက်အား ရှင်သန်ဖွံ့ဖြိုးရေး ဆက်လက်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ လိုအပ်သည့်အကူအညီများကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်းပြောခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ရုံးအဖွဲ့မှူး ဦးဝင်းသိန်းကလည်း စာကြည့်တိုက်အားအသက်ဝင်အောင်ဆောင်ရွက်ကြရန်နှင့် စာအုပ်စာစောင်များကိုလည်း လှူဒါန်းပေးမည်ဖြစ်ကြောင်း၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်လှမောင်ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တကွ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ စာပေဝါသနာရှင်များ၊ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များအားလုံး စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်၊ မိမိတို့အနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်တွင် စာအုပ်များရရှိရေးဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် အပတ်စဥ်စာကြည့်တိုက်ဖွင့်နိုင်ရေးဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်ဟု သိရှိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်ကလည်း စာကြည့်တိုက်ကော်မတီများဖွဲ့စည်းရန်၊ ဘဝမီးအိမ်စာကြည့်ပြန်လည်ရှင်သန်ခိုင်မာအောင် ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သောအကူအညီများကိုလည်း ဝိုင်းဝန်းဆောင်ရွက်အကူအညီပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကော်မတီဖွဲ့စည်းပြီးပါက စာကြည့်တိုက်ကိုပုံမှန်အချိန်သတ်မှတ်ဖွင့်လှစ်ရန်၊ စာအုပ်စာစောင်များကိုလည်း စာဖတ်သူစိတ်ကြိုက်ငှားပေးရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်မှာစာကြည့်တိုက်ကော်မတီများဖွဲ့ထားပြီး စာကြည့်ကော်မတီများအနေဖြင့် အပတ်စဉ်စာကြည့်တိုက်ဖွင့်နိုင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ စာအုပ်စာစောင်ရရှိရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ပါသည်။

တက်ရောက်လာသော စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှလည်း စိတ်ပါဝင်စားကြကြောင်း၊ မိမိတို့ရပ်ကွက်စာကြည့်တိုက်မှာ စာကြည့်တိုက်ကော်မတီကိုလည်းအမြန်ဖွဲ့စည်းတင်ပြမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပြီးပါက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

ခင်ဝင်း( ပြန် / ဆက်)