ပုလော ဇန်နဝါရီ ၂၁
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆)လမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံရန် ပျက်ကွက်ခဲ့သည့် ကလေးများကို ယနေ့ နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို-ကြက်ညာ-မေးခိုင်-အသဲရောင်အသားဝါ(ဘီ)-ဦးနှောက်အမြေးရောင်(ငါးမျိုးစပ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ကလေးအသက်အရွယ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးများအား ကိုယ်အလေးချိန် တိုင်းတာပေး၍ လိုအပ်သော ကျန်းမာရေးအသိပညာပေးများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုလောမြို့ပေါ်ရပ်ကွက်ရှိ ကလေးများအပါအဝင် နီးစပ်ရာကျေးရွာများမှလည်း ကလေးများလည်း လာရောက်ထိုးနှံလျက်ရှိကြောင်း ကျန်းမာရေးသူနာပြုဆရာမ ဒေါ်ဆုရည်မွန်ထံမှ သိရသည်။
အေးအေးမော်(ပုလော)