ရွှေကျင်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

 ရွှေကျင် ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က အနောက်ဘက်ကျေးရွာအုပ်စု ဝဲကြီးကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီသန့်က အဖွင့်အမှာစကား‌ပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီမှူး ဦးမျိုးငြိမ်းက စာပေဖတ်ရှု့ခြင်း၏အကျိုးကျေးဇူးအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်ခေါင်းစဥ်ဖြင့် အကျယ်တဝင့်‌ ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ‌လေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီမှူး ဦးမျိုးငြိမ်းက ပြန်လည်ဖြေကြားပေးခဲ့ပြီး နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုအဖြင့် သိကောင်းစရာအသိပညာပေး သုတ၊ ရသ စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)