ပခုက္ကူမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းအခြေပြုပဏာမမျက်စိကျန်းမာရေး စစ်ဆေးဆောင်ရွက်

ပခုက္ကူ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းအခြေပြု မဏာမမျက်စိကျန်းမာရေး (Primary Eye Care) စမ်းသပ်စစ်ဆေးမှုလုပ်ငန်းကို ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီခွဲအချိန်က အမှတ် (၅) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။       

အဆိုပါလုပ်ငန်းကို ပခုက္ကူခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူ(၄၆၄)ဦးအား မျက်စိအမြင်အာရုံချို့ယွင်းမှုရှိ/ မရှိ၊ အဝေးကြည့်မှုန်ခြင်းရှိ/ မရှိ၊ အနီးကြည့်မှုန်ခြင်းရှိ/ မရှိအခြေအနေတို့ကို စမ်းသပ်စစ်ဆေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးကြသည်။

ပခုက္ကူမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ ရက် (၁၀၀) ကာလအတွင်း အခြေခံပညာကျောင်းပေါင်း (၄၃) ကျောင်းရှိ ကျောင်းသား ကျောင်းသူ (၅၂၁၃) ဦးတို့အား ကျောင်းအခြေပြု ပဏာမမျက်စိကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)