သတင်းများ

ဘုတ်ပြင်းမြို့ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်
Sep 07,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့အတွင်း ဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အ.မ.က-၂၂၄ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်၌ မြစိမ်းရောင်ဖွံ့ဖြိုးရေး (ငါးကဏ္ဍ)စီမံကိန်းကျေးရွာ၏ချေးငွေ ပြန်လည်ထုတ်ချေးပေးခြင်း အခမ်းအနားပြုလုပ်
Sep 07,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြေဇာအုပ်စု၊ မြေဇာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းကျေးရွာ၏(တတိယ)သက်တမ်း (ပထမ)အကြိမ်‌ ချေးငွေပြန်လည်ထုတ်ချေးပေးခြင်း အခမ်းအနား ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲကို ယခုနှစ်တွင် အတီးအမှုတ်ပွဲသဘင်များမပါဘဲ ကျင်းပသွားမည်
Sep 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော်လည်း၊ ယခုနှစ်ကျင်းပမည့် (၇၂) ကြိမ်မြောက် ဘိုးတော်ထွက်ပွဲတွင်၊ ပွဲမိန့်တောင်းခံခြင်း၊ ခွင့်ပြုချက် ရယူထားခြင်းမရှိသဖြင့် အတီးအမှုတ်၊ ပွဲလန်းသဘင်များနှင့် နတ်ကနားပွဲများ ထည့်သွင်းကျင်းပခြင်းမပြုပဲ၊ အဓိဌာန်ပွဲပေးခြင်းနှင့် ဘုရားဖူး လာရောက်ခြင်းများကိုသာ စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံးမြို့၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲဖြေဆို
Sep 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုခဲ့ကြသည်။
ဟိုပုံးမြို့နယ်၌ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း (မွမ်းမံ) မော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
Sep 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေးရေးစီမံကိန်း” (မွမ်းမံ) မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံတွင် ခြေတုလက်တုများ တပ်ဆင်ပေးခြင်းနှင့် ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်
Sep 07,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း၍ ခြေတုလက်တုများတပ်ဆင်ပေးခြင်းနှင့် ပြန်လည်ပြုပြင်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့၊ (မူလွန်) မုသင်-၂ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Sep 07,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်ပညာရေးဌာနနှင့်ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက (မူလွန်) မုသင်-မုသင်၂ ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
ကျိုက်ထိုမြို့နယ် အ.မ.က(သမလ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့် စာကြည့်တိုက်ဖွင့်လှစ်
Sep 07,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီကကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ အ.မ.က(သမလ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။