သရက် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ခရိုင်/မြို့နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီ အစည်းအဝေးနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာ စကားပြောကြားရာမှာ ယနေ့ကျင်းပသော ခရိုင်/မြို့နယ် ကျောင်းကျန်းမာရေးကော်မတီ အစည်းအဝေးတွင် ဖော်ထုတ်ရရှိသော အားသာချက်များကို လာမည်ပညာသင်နှစ်တွင် ဆက်လက်ထိန်းသိမ်းပြီး အားနည်းချက်များကို ပြုပြင်ပြီး ပို၍ကောင်းသော ကျောင်းကျန်းမာရေးလုပ်ငန်းများ ဖြစ်အောင် ကြိုးစားလိုကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်က အစည်းအဝေးကျင်းပခြင်း ရည်ရွယ်ချက်အား ပြောကြားပေးခဲ့ပြီး ကလေးအရာရှိ(ကျောင်းကျန်းမာ) ဒေါ်စန်းစန်းသင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပေးခဲ့သည်။ ယင်းနောက် တက်ရောက်သူများမှ ဆွေးနွေးမှုအပေါ် တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)