ကျိုက်လတ် ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်ထက် ကျော်လွန်ခြင်းအတွက် တောင်သူများအား လျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းက မြို့နယ်ဘဏ်ခွဲမှ သီးနှံအာမခံလျော်ကြေးရရှိသည့် ကိစ္စရပ်များနှင့် လျော်ကြေးငွေပေးအပ်ရာတွင် ၂၀၂၄ မိုးပြေကျေပြီးသူနှင့် မပေးဆပ်ရသေးသည့် တောင်သူအား လျော်ကြေးငွေပေးအပ်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လျော်ကြေးငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းတို့က ကျိုက်လတ်မြို့နယ်ဘဏ်ခွဲအတွက် ရရှိသည့် လျော်ကြေးငွေ စုစုပေါင်း ၅၉၀၈.၅၀ သိန်းမှ ၂၀၂၄ မိုးချေးငွေ အပြေအကျေပေးဆပ်ပြီးသည့် တောင်သူ(၇၄)ဦးအား လျော်ကြေးငွေ (၁၂၈.၇၀) သိန်းအား တောင်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)