ချောင်းဆုံ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာ၊ ကျိုက်သုတ်ကွင်း ကွင်းအမှတ်(၆၂၂)ရှိ ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ် တည်ဆောက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျေးရွာစာကြည့်တိုက်ကို လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အထကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက မတည်ငွေကျပ် သိန်း(၁၅၀)ဖြင့် နိုဝင်ဘာ(၁၄)ရက်မှ စတင်ဆောက်လုပ်ခဲ့ရာ (၈၅)ရာခိုင်နှုန်းထိ ဆောက်လုပ်နိုင်ခဲ့ပြီး ဇန်နဝါရီလကုန်ပိုင်းအတွင်း (၁၀၀)ရာခိုင်နှုန်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလပထမပတ်အတွင်း ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရေးကော်မတီထံမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)