သတင်းများ

ဒီပဲယင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း လုပ်ငန်းများဆောင်ရွက်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် ရေဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းလုပ်ငန်းများကို တောင်သူ ဦးမြင့်သောင်းထွန်း လယ်မြေ ၅ ဧကမိုးစပါး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပြသခဲ့သည်။
ချောက်မြို့နယ်၊ မကျီးကန်‌ကျေးရွာတွင် နွေစပါး စံကွက်ရိတ်သိမ်းပွဲကိုကျင်းပ
Aug 12,2020
ချောက်မြို့နယ်၊ မကျီးကန်‌ကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင်  ကလေးသူငယ်အခွင့်အရေးဆိုင်ရာ   ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို
အလုံမြို့နယ်၌ ရေစီး​ရေလာ​ကောင်းမွန်​ရေးအတွက် သစ်​တော​မြောင်း​ကြီးအတွင်း ပိတ်ဆို့​နေ​​သော အမှိုက်များအားရှင်းလင်း
Aug 12,2020
မိုးရာသီတွင် ဖြစ်​ပေါ်တတ်​သော ​ရေ​မြောင်းပိတ်ဆို့မှုများကင်း​ဝေး​စေပြီး ​ရေစီး​ရေလာ​ကောင်းမွန်​ရေး အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် သစ်​တောရပ်ကွက်ရှိ သစ်​တော​ရေ​မြောင်းကြီး အတွင်း ပိတ်ဆို့​နေ​သော အမှိုက်များကို ယ​နေ့ နံနက် ၉ နာရီအချိန်က ရှင်းလင်းခဲ့​ကြောင်း သိရ သည်။
လမ်းမတော်မြို့နယ် UMFCCI  တွင် UMFCCI Webinar Series Episode (9) အား ဩဂုတ် ၁၄ ရက်နေ့တွင် Live Streaming အဖြစ် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး ကြိုတင် မေးခွန်းများ ပေးပို့နိုင်
Aug 12,2020
လမ်းမတော်မြို့နယ်  UMFCCI  တွင် UMFCCI မှ ရိုက်ကူးတင်ဆက်ထုတ်လွှင့်သွားမည့် UMFCCI Webinar Series: New Beginnings through Renewed Partnerships ကိုသက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ပညာရှင်များ၊
မိုးတွင်းကာလအတွင်း ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှို စိုက်ပျိုးသူများလာ
Aug 12,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်မှိုစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေများရရှိစေပြီး အိမ်တွင်းစရိတ်ကာမိစေရန်အတွက် မှိုစိုက်ပျိုးခြင်းကို ကမာမို ကျေးရွာနှင့် ကျေးရွာအချို့တို့တွင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ လွတ်လပ်၍တရားမျှတ သော ရွေးကောက်ပွဲဖြစ်စေရေးတို့နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းတွေ့ဆုံပွဲကျင်းပ
Aug 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ် စေရေးတို့နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် Grade-4 စတုတ္ထတန်း သင်ရိုးသစ်သင်ကြားမှုဆိုင်ရာ သင်တန်းမှဆရာ၊ ဆရာမများအား ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး(MFD)လေ့ကျင့်ခန်းများ သင်ကြားပြသ
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်းပြီး ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်ခြင်းဖြင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ပြီး ကျန်းမာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက ငဖဲမြို့ အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်သော Grade-4 စတုတ္ထတန်းသင်ရိုးသစ် သင်ကြားမှု ဆိုင်ရာသင်တန်းမှ ဆရာ၊ ဆရာမများအား ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (MFD) လေ့ကျင့်ခန်းများ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။