အလုံ သြဂုတ် ၁၂
မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ရေမြောင်းပိတ်ဆို့မှုများကင်းဝေးစေပြီး ရေစီးရေလာကောင်းမွန်ရေး အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် သစ်တောရပ်ကွက်ရှိ သစ်တောရေမြောင်းကြီး အတွင်း ပိတ်ဆို့နေသော အမှိုက်များကို ယနေ့ နံနက် ၉ နာရီအချိန်က ရှင်းလင်းခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ရေစီးရေလာ လုပ်ငန်း တာဝန်ခံအဖွဲ့မှ စည်ပင် သာယာရေး ဝန်ထမ်များသည် ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက် များကို ဆယ်ယူခြင်း၊ ရေစီးရေကောင်းကောင်းမွန်ရေးအတွက် ရေထွက်ပေါက်များကို ရှင်းလင်းခြင်း များကို ဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများကင်းဝေးစေရေးတို့အတွက် ရေမြောင်းတွင်း ပိတ်ဆို့ အမှိုက်များ ရှင်းလင်းခြင်း၊ ရေမြောင်းချဲ့ ခြင်း၊ ရေမြောင်းဖုံးပြုလုပ်ခြင်းနှင့် ရေမြောင်း အဆင့်မြှင့်တင် ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ချို ပြန်/ဆက်