သတင်းများ

တပ်ကုန်းမြို့၌ (၄၄)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jan 26,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၄၄)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်ဗုဒ္ဓသာသနပြုဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဘဒ္ဒန္တ ပညာသာမိ(နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ ရွှေအင်းရိပ်သာကျောင်းတိုက်)၊ မြို့နယ်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တစန္ဒသီရိ (မြို့ရှေ့စန္ဒာရုံကျောင်းတိုက်)၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ သောမနနှင့် အထူးကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ စုစုပေါင်း ပင့်သံဃာ ၁၈ ပါး၊ ၂၀၂၄ ခုနှစ်၊ နိုင်ငံတော်အစိုးရဓမ္မာစရိယ စာမေးပွဲတွင် တပ်ကုန်းစာဖြေဌာနမှ ဓမ္မာစရိယ(ကျမ်းပြီး)ဆရာတော် ၅ ပါး၊ ပါဠိပထမပြန် စာမေးပွဲတွင် တပ်ကုန်းစာဖြေဌာနမှ ကြီး/ လတ်/ငယ်/မူ စာအောင်သံဃာ/သီလရှင် ၁၁၀ ပါး၊ စုစုပေါင်း ၁၁၅ ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေါက်တာ ခင်မောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ် ၆ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ ဒကာ၊ ဒကာမများစုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့သည်။
မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် သီရိမင်္ဂလာရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်
Jan 26,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်၍ မီးဘေးလုံခြုံရေးသတိရှိရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိရန်တို့အတွက် စစ်ဆေးပညာပေးခြင်းများကို ယနေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် ဝန်ထမ်းများက သီရိမင်္ဂလာရပ်ကွက်တာဝန်ရှိသူမျာနှင့်အတူ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၅)အစည်းအဝေးသို့တက်ရောက်
Jan 26,2025
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၅) အစည်းအဝေးကို ဇန်နဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မြောင်းမြမြို့နယ် မြေစာရင်းဦးစီးဌာနရုံး၌ အငြိမ်းစားဝန်ထမ်းများအား ဂါရဝပြုကန်တော့ပွဲ အခမ်းအနား ကျင်းပ
Jan 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ (ဒဿမ) အကြိမ်မြောက် အငြိမ်းစားဝန်ထမ်းများအား ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ နွေစပါးစိုက်တောင်သူများထံ သွင်းအားစုများ ပေးအပ်
Jan 26,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂:၀၀ နာရီက ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာစည်းစိမ်တိုးစိုက်/ထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်ပိုင်အိမ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် တောင်ပို့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jan 26,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ဇန်နဝါရီလ(၂၄)ရက်နေ့နံနက်ပိုင်းက တောင်ပို့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်မြင့်ဦးက ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓော စေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ အောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Jan 26,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ အောင်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်သည်။        
ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကျင်းပ
Jan 26,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။