ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှကျေးရွာ၌ စာကြည့်တိုက်ရှင်သန်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူထွန်းလင်းနှင့် ဝန်ထမ်းများက စည်ပင်လှကျေးရွာရှိ သုတစံအိမ် စာကြည့်တိုက်အတွင်း၌ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ စာကြည့်တိုက်များ လေဝင်လေထွက်ကောင်းမွန်စေရန် ပြတင်းတံခါးများ ဖွင့်ထားရေး၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှု မရှိစေရေး၊ သုတ၊ ရသစာအုပ်များ အသစ်ထပ်မံဖြည့်တင်းနိုင်ရေး၊ သုတ၊ ရသ စာအုပ်များအား ရာစုအလိုက် ခွဲပေးခြင်းနှင့် စနစ်တကျ ထားရှိစေရေးအတွက် စာကြည့်တိုက်မှူးများအား မှာကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ပြန်/ဆက်)